ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်သင်ကြား


သာပေါင်း မေ    ၂၀


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ မေလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း စတင်ဖွင့်လှစ်သင်ကြားပေး လျက်ရှိသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါလဲ့လဲ့ဝင်း မှ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးရခြင်း ရည်ရွယ်ချက်များအား အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်ကြက်ခြေနီ တပ်စုမှူးဦးတင်မိုးမှ ကြက်ခြေနီ သမိုင်းကြောင်း အကျဉ်းနှင့် မြို့နယ်ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ကြက်ခြေနီတပ်ခွဲမှူး (ယာယီ)ဒေါ်ဖြူဖြူခိုင် မှ သင်တန်းတွင် သင်ကြားပို့ချ မည့် ဘာသာရပ်များ၊ စာတွေ့/လက်တွေ့ သင်ခန်းစာများ၊ စည်းကမ်းချက်များ မေလ ၁၇ ရက်နေ့ မှ မေလ ၁၉ ရက်နေ့အထိနံနက် ၉ နာရီ မှ ညနေ ၄ နာရီခွဲအချိန်အထိ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတို့ကို သင်ကြားပို့ချမည့် အချိန်ဇယားတို့ကို ရှင်းလင်းပြောကြားပြီး ရှေးဦးပြုစုခြင်း၊ လူနာဆန်း စစ်ခြင်း၊ အပူလောင်ခြင်း၊ အရည်အပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်ဖြစ်ခြင်း၊ မူးမေ့ခြင်း၊ သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင် နည်းများ၊ သတ္တဝါများ ကိုင်တွယ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အခြေခံအသက်အထောက် အကူပြုနည်း၊ အရိုးကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ကြွက်သားနှင့် ရိုးဆက်ကြောဒဏ်ရာ၊ စာမေးပွဲ ဖြေဆိုခြင်း(စာတွေ့/လက်တွေ့)တို့ဖြင့် သင်ကြား ဆန်းစစ်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း (ပြန်/ဆက်)