စစ်ကိုင်းမြို့ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

စစ်ကိုင်း မေ ၁၉

စစ်ကိုင်းမြို့ရှိ ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းတက္ကသိလ်နှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲများကို မေ(၁၉)ရက်၊ နံနက်ပိုင်းက သက်ဆိုင်ရာကျောင်းများ၏ ဘွဲ့နှင်းသဘင်ခန်းမများ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ကြိုဆိုပွဲအခမ်းအနားတွင် သက်ဆိုင်ရာတက္ကသိုလ်များ၏ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က မောင်မယ်သစ်လွင်များအား လှိုက်လှဲနွေးထွေးစွာ ကြိုဆိုပါကြောင်းနှင့် နိုင်ငံအကျိုးပြုသားကောင်း/ သမီးမွန်များဖြစ်အောင် ကြိုးစားသင်ယူသွားကြပြီး မိမိတို့ဒေသရောက်ရှိ၍ ပြန်လည်သင်ကြားရတဲ့အခါမှာလည်း မိမိတို့ဒေသ၊ မိမိတို့ဝန်းကျင်၊ မိမိတို့ရဲ့ နိုင်ငံတော်ကြီးအတွက် အကျိုးပြုမည့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းစွမ်းတမံ ကြိုးစားသွားကြစေလိုကြောင်း အသီးသီးအမှာစကား ပြောကြားပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားများသို့ သက်ဆိုင်ရာကျောင်းများမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်ကြားရေး ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်းသိရသည်။

ဇော်မြင့်နိုင်

စစ်ကိုင်းခရိုင် (ပြန်/ဆက်)