ရေနံချောင်းမြို့၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ရေနံချောင်း မေ ၁၉

ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်  “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့သီတင်းပတ် အသိပေးဆိုင်းဘုတ်စိုက်ထူပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းအောင်နှင့် မြို့နယ်ပညာရေးမှူး ဦးအေးဝင်းတို့က ကျောင်းအပ်နှံရေးသီးတင်းပတ် ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးပြီး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ရပ်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းစိုက်ထူခဲ့ကြသည်။

အခြေခံပညာဦးစီးဌာန ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို အခြေခံပညာကျောင်းများအားလုံးတွင် ယခုလ မေ ၂၆ ရက်နေ့မှ ဇွန် ၁ ရက်နေ့အထိ သတ်မှတ်ထားကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)