ရွှေဘိုတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသား/သူ မောင်မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနား ကျင်းပ

ရွှေဘို မေ ၁၉

ကျောင်းသား/သူ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင်များ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါ‌မောက္ခများ၊ ဌာနမှူးများ၊ သင်ကြားရေးဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း  (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။   

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးနှင့် အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်း၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုးနှင့် ဒုတိယပါမောက္ခ ဒေါက်တာတင်တင်ရီနှင့် ပါမောက္ခဆရာ/ဆရာမများ၊ မော်ကွန်းထိန်း ဆရာ/ဆရာမများ ဌာနမှူးဆရာ/ဆရာမများမှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများအား တစ်ဦးခြင်း နူတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးက မောင်မယ်သစ်လွင်များအား နူတ်ခွန်းဆက်စကားပြောကြားရာတွင် ပညာရပ်များကို စည်းပူး ကြရာတွင် ရည်မှန်းချက်ရှိရမယ် အပတ်တကုတ်ကြိုးစားပြီး လူသားအကျိုးနိုင်ငံအကျိုး ပါဝင် ဆောင်ရွက်နိုင်အောင် ခံယူချက်ရှိရမည်၊ တက္ကသိုလ်ဆိုတာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို ထိန်းသိမ်းစောင့်ရှောက် နိုင်ရန်စံပြဖြစ်ရမည်။ ဝတ်စားဆင်ယင်မှုကအစ စံနမူနာဖြစ်  အဆင့်မြင့်ပညာတွေ သင်ကြားရန် အခွင့်အလမ်းဖြစ်ကြောင်း၊ ဒေသအသီးသီးက လာသောကြောင့် လူမှုဆက်ဆံရေး ကောင်းမွန်စေရန် ပေါင်းသင်းဆက်ဆံရေးပါ သင်ယူသွားကြပြီး ဘဝတိုးတက်အောင် လျှောက်လမ်းသွားကြရန်  မောင်မယ်သစ်လွင်များကို ကြိုဆိုသောအားဖြင့်​ အေးချမ်းစွာပညာသင်ကြားနိုင်ရန် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက် ထားကြောင်း၊ မိမိကိုယ်ကိုထိန်းကျောင်းပဲ့ပြင်ရန် လိုအပ်ကြောင်း၊ ​ကျမ်းမာချမ်းသာစွာဖြင့် အကောင်းဆုံးတက်လမ်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပြီး ကြိုဆိုနူတ်ဆက်စကား ပြောကြားပြီးနောက်၊ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာ မျိုးမျိုးမှ ပညာသင်ရန် ရောက်လာသော မောင်မယ်သစ်လွင်များအား နွေးထွေးစွာ ကြိုဆိုကြောင်း၊ မိဘရင်ခွင်မှ ခွဲခွာလာခဲ့သူများဖြစ်ခြင်း​ကြောင့် မိဘများကဲ့သို့​​ စောင့်​​ရှောက်​ပေးသွားမည်ဖြစ်ကြောင်း​၊ တိုင်းပြည်တည်ထောင်တဲ့နေရာမှာ လိုအပ်တဲ့သူများဖြစ်‌သောကြောင့် ဘာသာရပ်တိုင်းဟာ အကြိုးရှိ‌စွာ အသုံးချနိုင်ရမည် ကြိုးစားရမည်အားထုတ်ရမည် တီထွင်ဖန်တီးနိုင်တဲ့သူ ဖြစ်အောင် ကြိုးစားရန်၊ လေ့လာဆည်းပူးရန် စာသင်ချိန်ပြင်ပမှာ စာကြည့်တိုက်ကို သွားရောက်တဲ့ အလေ့အထပါ လုပ်ဆောင်ကြရန် ကျန်းမာရေးကောင်းမွန်စေရန် အားကစားပါ လုပ်သင့်ကြောင်း အားကစားပြိုင်ပွဲ ကျင်းပပေးမည်ဖြစ်သောကြောင့် အားကစားပါလေ့လာလိုက်စားရန် အနုပညာ အသင်းများလည်း ဖွဲ့စည်း​ပေးထား​ကြောင်း၊ စသည်များ ပြောကြားပြီးနောက်၊‌ဒုတိယပါမောက္ခ ဒေါက်တာတင်တင်ရီမှ မောင်မယ်သစ်လွင် ကျောင်းသား/သူများအား နွေးထွေးလှိုက်လှဲ‌စွာ ကြိုဆိုကြောင်း၊ ရွှေဘိုတက္ကသိုလ်မှ ဘာသာရပ် ၁၄ရပ်အနက် ဝိဇ္ဇာဘာသာရပ် ၈ ခု သိပ္ပံဘာသာရပ် ၆ ခုသင်ကြားပေးမည် ဖြစ်ကြောင်း အသင်းအဖွဲ့များတွင် ပါဝင်နိုင်အောင် ကြက်ခြေနီအသင်းအဖွဲ့များ စသည့်တို့ ဖွဲ့စည်းထားကြောင်းနှင့် အားကစားပါ လေ့လာ လိုက်စားနိုင်အောင် ဆောင်ရွက်ထားကြောင်း ပြောကြားပြီးနောက် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်၊ သင်တန်း​ရေးရာ၊ စီမံ​ရေးရာမှ ဆရာ/ဆရာမများ ကိုယ်စားပါ​မောက္ခ၊ ဌာနမှူးများက နှုတ်ခွန်းဆက်စကားများ ​ပြောကြားခဲ့သည်။   ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦးမှ ရွှေဘိုတက္ကသိုလ်သို့အလှူငွေ ၅၀၀၀၀၀ ကျပ်အား ပေးအပ်ခဲ့ရာရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမျိုးမျိုးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့​နောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဆရာ/ဆရာမများက မောင်မယ်သစ်လွင် ကျောင်းသား/သူများအား ရင်းရင်းနှီးနှီး နွေးထွေးစွာ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်