ညောင်တုန်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာရေးဆရာ ဒေါက်တာသိန်းလွင် ရေးသားသော "ကလေးတွေကျောင်းမှာ အောင်မြင်ဖို့နည်းလမ်းများ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာပေဖတ်ရှုပြီး ဆွေးနွေးသည့် အလေ့အထကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး Woman Club အဖွဲ့ဝင် ဒေါ်ထက်ထက်မျိုးမြတ်နှင့် ဒေါ်သင်းသင်းခိုင်တို့က "ကလေးတွေကျောင်းမှာ အောင်မြင်ဖို့ နည်းလမ်းများ"စာအုပ်မှ လူကြီးတွေရဲ့ အပြုအမူအပေါ် ကလေးလူငယ်တို့ရဲ့အမြင်၊ အညွန့်ကလေးတွေ မချိုးလိုက်ပါနဲ့၊ အပြစ်တင်တာ အထောက်အကူမရပါ စသည့် စာအုပ်ပါအကြောင်းအရာများကို ဖတ်ကြားပြီး တက်ရောက်လာသည့် Woman Club အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)