ဆင်ပေါင်ဝဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်  အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲ ကျင်းပ

ဆင်ပေါင်ဝဲ  မေ ၁၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ပညာရေးဌာနမှ ကြီးမှူးကျင်းပ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ မြို့ဦးထိပ်၌ စိုက်ထူခဲ့သည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်စိန်နှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများမှ ဆိုင်းဘုတ်အား စိုက်ထူကာ ဖွင့်လှစ် ပေးခဲ့ပြီး အမွှေးနံ့သာများဖြင့် ဖြန်းပက်ပေးခဲ့သည်။         

ဆင်ပေါင်ဝဲမြို့နယ်တွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်        မေ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိဖြစ်ပြီး၊  အဆိုပါ အသိပညာပေး ဆိုင်းဘုတ်စိုက်ထူရခြင်းမှာ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး        ကျောင်အပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ ပူးပေါင်းပါဝင်ဆောင်ရွက်စေရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေးသီတင်းပတ် ဆိုင်းဘုတ်စိုက်ထူရခြင်းဖြစ်ကြောင်း သိရသည်။

နိုင်လင်း(ပြန်/ဆက်)