အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံ

ပေါက်ခေါင်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ ကာကွယ်ဆေးထိုး အဖွဲ့များဖြင့် ကျန်းမာရေးဌာနခွဲများမှ ရပ်ကွက်/ကျေးရွာများအထိ ကွင်းဆင်းထိုးနှံပေးလျက် ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ Volunteer များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး ယမန်နေ့က အမှတ်(၃) ရပ်ကွက်နှင့် ရပ်သစ်ကျေးရွာမှ အသက်(၁၅)နှစ်မှ(၁၈)နှစ်ကြား ပြည်သူ(၆၀)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase  10, first  dose နှင့်‌ ညောင်ဝန်းကျေးရွာမှ ပြည်သူ(၃၃)ဦးကို Phase-9 second dose ကို‌ ကျေးရွာအရောက် ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်