အထက်မင်းလှ မေ ၁၉
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပညာရေးဌာနမှကြီးမှူးကျင်းပ ပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူပွဲကို ယနေ့နံနက် ၇ နာရီခွဲက တာဘောင်ကြီးလမ်းနှင့် (အထက)လမ်းထောင့်၌ စိုက်ထူခဲ့သည်။
ရှေးဦးစွာ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေးဆိုင်းဘုတ်အား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းနှင့် ဆရာ/ဆရာမများ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က ဆိုင်းဘုတ်အား စိုက်ထူကာ ဖွင့်လှစ်ပေးခဲ့သည်။
မင်းလှမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ(၂၆)ရက်နေ့မှ ဇွန်(၁)ရက်နေ့အထိ ဖြစ်ပြီး၊ အဆိုပါအသိပညာပေး ဆိုင်းဘုတ်စိုက်ထူ ရခြင်းမှာ "ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်အပ်နှံရေးနှင့် ပညာ သင်ကြားနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများ၊ မိဘများ၊ ဆရာ/ဆရာမများ ပူးပေါင်း ပါဝင်ဆောင်ရွက် စေရန်ရည်ရွယ်၍ ကျောင်းအပ်နှံရေး သီတင်းပတ် ဆိုင်းဘုတ်စိုက်ထူရခြင်း ဖြစ်ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)