ပဲခူးမြို့တွင် “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” စာတမ်းပါ မြေစိုက်ပိုစတာဖွင့်ပွဲ အခမ်းအနားကျင်းပ

ပဲခူး မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့စာတမ်းပါ မြေစိုက်ပိုစတာ ဖွင့်ပွဲအခမ်းအနားကို မေ(၁၉)ရက်၊ နံနက်(၈)နာရီက ပဲခူးမြို့  အ.ထ.က(၁)ကျောင်းဇေယျတုဆောင်ရှေ့၌ ကျင်းပခဲ့သည်။

အဆိုပါ မြေစိုက်ပိုစတာဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက စက်ခလုတ်နှိပ်ဖွင့်လှစ်၍ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးမှူးများ၊ ဆရာ/ဆရာမများက အမွှေးနံ့သာရည်များ ပက်ဖြန်းပေးခဲ့ကြသည်။

ကျောင်းအပ်နှံရေး သတင်းပတ်အနေဖြင့် မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အတွင်း တိုင်းလုံးကျွတ် ကျောင်းအပ်နှံရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခမဲ့ပညာရေးစနစ်ဖြင့် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့ အပ်နှံခြင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)အပ်နှံခြင်း၊ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များကို ကျောင်းအပ်နှံခြင်း၊ ယခုလာမည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့် ပညာရေးစနစ်(သင်ရိုးသစ်)များနှင့် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ပဲခူးခရိုင်(ပြန်/ဆက်)