ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူ

ကြို့ပင်ကောက် မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် ပညာရေးမှူးရုံးရှေ့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” အထိမ်းအမှတ် ဆိုင်းဘုတ်စိုက်ထူခြင်းကို ယနေ့ နံနက် ၁၀ နာရီချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ် မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် ဆိုင်းဘုတ် စိုက်ထူခြင်းကို မြို့နယ်ပညာရေးမှူး ဦးစိုးသန်း၊ ဒုတိယမြို့နယ် ပညာရေးမှူး ဦးစောကျော်မိုး(ပညာ)နှင့် အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများက ဆောင်ရွက်ခဲ့ကြကြောင်း မေလ ၂၆ ရက်နေ့တွင် အထက (ပန်းတင်)ကျောင်းတွင် ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

KG တန်းမှ Grade -11 အထိ ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်တစ်ဒါဇင်၊ KG တန်းမှ  Grade-5 အထိ ကျောင်းသုံး ဝတ်စုံတစ်စုံ၊ မူလတန်းအဆင့်တွင် ခဲတံလေးချောင်းတို့အား ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း ကျောင်းဖွင့်ချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ရေး အစီအစဉ်များဖြစ်သော လက်ဆေးဘေစင်၊ hand gel ၊ ဆပ်ပြာ၊ အပူချိန်တိုင်းကရိယာနှင့် အမှိုက်ပုံးတို့ကိုလည်း အခြေခံပညာကျောင်းများတွင် စီစဉ်ထားရှိသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ် ပညာရေးမှူး ဦးစောကျော်မိုး(ပညာ)ထံမှ သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)