ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ဦးတည်အုပ်စုတွင်ပါဝင်သူ ၉၇၇၁  ဦးအားထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose  ဆက်လက် ထိုးနှံပေးပြီးဖြစ်

မောင်တော  မေ   ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းရှိ  ကိုဗစ်-၁၉ ကာကွယ်ဆေး  နှစ်ကြိမ်ထိုးနှံပြီးစီးသော ဦးတည်အုပ်စု တွင်ပါဝင်သူများအား ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက်ပိုင်းက သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်ပြီး မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်၍ ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများမှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ်အပူ ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ သွေးတွင်း အောက်စီဂျင်ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့် သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက နိုင်ငံ့ဝန်ထမ်း ၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊  ပညာရေးဝန်ထမ်း ၄ ဦး၊ ပြည်သူ ၁၈၉ ဦး စုစုပေါင်း ၁၉၇ ဦး အားထိုးနှံပေးခဲ့ပြီး  မေ ၁၈ ရက်နေ့ထိ  ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံပြီးစီးသူ ၉၇၇၁ ဦးအား ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့ပြီး  ဖြစ်ကြောင်းသိရသည်။

သက်လွင်စိုး (ပြန်/ဆက်)