ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ကျောင်းအပ်နှံရေး လှုံ့ဆော်မှု ဆိုင်းဘုတ်ဖွင့်ပွဲကျင်းပ

ပေါက်ခေါင်း    မေ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်‌၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး လှုံ့‌ဆော်မှုဆိုင်းဘုတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အထက(ပေါက်ခေါင်း)ရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၃)လဝက ဦးစီးမှူးဦးမြင့်စိုးက အမှာစကားပြောကြားပြီး၊ မြို့နယ်ပညာရေးမှူး ဦးအေးလှိုင်က မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးမြင့်ဌေး၊ မြို့နယ်   လဝကဦးစီးမှူး ဦးမြင့်စိုးနှင့် မြို့နယ်ပညာရေးမှူး ဦးအေးလှိုင်တို့က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး လှုံ့ဆော်မှုဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ကြားနိုင်ရေးအတွက် မိဘများ၊ ဆရာ၊ ဆရာမများ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကျောင်းအပ်နှံရေး လှုံ့ဆော်မှုဆိုင်းဘုတ် စိုက်ထူရခြင်းဖြစ်ပြီး၊ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေလ(၂၆)ရက်မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။

သန်းထွန်းအောင်