ကန်ကြီးထောင့် မေ ၁၉
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ မေလ ၁၈ ရက်နေ့ ညနေပိုင်းတွင် ကန်ကြီးထောင့်မြို့နယ် ကွင်းယားအရှေ့ကျေးရွာအုပ်စု ကွင်းယားကြီးကျေးရွာရှိ ရွှေကွင်းသာယာခန်းမ၌ ကျင်းပပြုလုပ်သော ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအား တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်း/ ခရိုင်/ မြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့များမှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းတာတမံ တူးဖော်ခြင်းဆိုင်ရာ လုပ်ငန်းများအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြပြီး ဒေသခံတောင်သူများ၏ မေးမြန်းချက်များအား တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သတင်းရရှိသည်။
မဇင်(ပြန်/ဆက်)