မော်လမြိုင်ကျွန်း မေ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က တောရအခြေခံပညာ အလယ်တန်းကျောင်းရှေ့၌ ကျင်းပသည်။
အဆိုပါ ကျောင်းအပ်နှံရေးပိုစတာ စိုက်ထူပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် မော်လမြိုင်ကျွန်းမြို့နယ်အနေနှင့် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံမှုရာခိုင်နှုန်း များလာနိုင်သဖြင့် စာသင်ကျောင်းများ၊ နေရာထိုင်ခင်းများ ကြိုတင်ပြင်ဆင်ထားကြရန် မှာကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့ ပိုစတာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တက်ရောက်လာကြသော ပညာရေးဝန်ထမ်းများမှ စိုက်ထူပေးခဲ့ကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)