မင်းပြား မေ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၊ မြန်မားလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်အရင်းအနှီး ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က မင်းပြားမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါအခမ်းအနားသို့ မြန်မားလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုမှ တာဝန်ရှိတောင်သူများတက်ရောက်ကြပြီး မြို့နယ်မန်နေဂျာ ဦးအေးသိန်းက လူမှုစီးပွားဘဝမြင့်မားစေဖို့ အထောက်အကူပြုနိုင်စေရန်နှင့် တိုင်းပြည်စီးပွားရေးကို ထိရောက်စွာ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဘဏ်ချေးငွေထုတ်ချေးရခြင်း ဖြစ်ကြောင်းသိရသည်။
ဆက်လက်ပြီး မင်းပြားမြို့နယ်၊ မြန်မားလယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂-ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် အရင်းအနှီးချေးငွေကို ပထမနေ့ရက်အဖြစ်ရွာပြင်အုပ်စုရှိ တောင်သူ(၃၆)ဦး၊ စိုက်ဧက(၁၃၇)ဧက အတွက်တောင်သူ တစ်ဦးလျှင် တစ်ဧကနှုန်းထား ထုတ်ချေးငွေ (၁၅၀၀၀၀) ကျပ်သိန်းနှုန်းထားဖြင့် ထုတ်ချေးလျက်ရှိကြောင်းသိရသည်။
သိန်းနုအောင် (ပြန်/ဆက်)