ဘူးသီးတောင်မြို့နယ်၌နွေစပါးအထွက်နှုန်း တိကျမှန်ကန်ရေးအတွက် စံကွက်ရိတ်သိမ်းနေမှုအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေး

ဘူးသီးတောင် မေ ၁၉

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က လက်ဝဲဒက် ပြင်ရှည်ကျေးရွာအုပ်စု၌ နွေစပါးစံကွက်ရိတ်သိမ်းနေမှုအား သွားရောက်ကြည့်ရှုကွင်းဆင်းခဲ့ကြကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ညီ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်နှင်းထွေးနှင့် သက်ဆိုင်ရာဌာနမှ ဝန်ထမ်းများပါဝင်သောအဖွဲ့သည် လက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၇ဝ D)ရှိ အကျိုးဆောင်တောင်သူ ဦးမီရာမောက်ပါ (၃)ဦး၏ လယ်မြေတွင် ရက်(၉၀)စပါးမျိုးဖြင့် တောင်သူပညာပေး နွေစပါးစံပြကွက် (၅)ဧကတွင် ကိုယ်စားပြုစံကွက်များ ရိတ်သိမ်းနေမှုများအား ကြည့်ရှုခဲ့ကြောင်းသိရသည်။

 အဆိုပါလက်ဝဲဒက်ပြင်ရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၂၇ဝ D)ရှိ အကျိုး ဆောင်တောင်သူ ဦးမီရာမောက်ပါ(၃) ဦး၏လယ်မြေတွင် ရက် (၉၀)စပါးမျိုးဖြင့် တောင်သူပညာပေး နွေစပါးစံပြကွက် (၅)ဧကတွင် ကိုယ်စားပြုစံကွက်များ ရိတ်သိမ်းခဲ့ရာ(၁)ဧက ပျှမ်းမျှ အစိုအထွက်နှုန်း (၁၀၁.၅၃) တင်းနှင့်အစိုဓါတ်(၁၄%) အခြောက် အထွက်တင်း (၉၀.၉၉)တင်းနှုန်းထွက်ရှိပါကြောင်း တောင်သူဦးမီရာမောက်ကပြောသည်။

ဘူးသီးတောင်မြို့နယ်အတွင်း  ၂၀၂၁-၂၀၂၂ခုနှစ်၊နွေစပါးလျာထားချက် (၈၀)ဧကရှိပြီး အမှန်စိုက်ပျိုးနိုင်သည့် ဧကမှာ(၈၇)ဧကရှိကြောင်း (၁)ဧကပျှမ်းမျှ အထွက်နှုန်းမှာ (၈၆.၈၅) တင်းနှုန်း ထွက်ရှိပါကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမောင်မောင်ညီမှ သိရသည်။

လှကျော် ( ပြန်/ဆက်)