တိုက်ကြီး မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးရှေ့ မြေစိုက်ဘုတ်တွင် ပြည်သူများအနေဖြင့် အလွယ်တကူ ဖတ်ရှုနိုင်ပြီး အသိပညာဗဟုသုတ တိုးပွားစေရေးရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်နှင့် ကျန်းမာရေးအသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ထားကြောင်း သိရသည်။
အဆိုပါ နံရံကပ်စာစောင်တွင် လူကုန်ကူးခြင်းဆိုင်ရာ အသိပညာပေး အချက်အလက်များနှင့် အပူဒဏ် ကြိုတင်ကာကွယ်ရေး အသိပညာပေး အကြောင်းအရာများ၊ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးများ၊ ခြင်မှတစ်ဆင့် ဖြစ်ပွားတတ်သည့် ရောဂါများနှင့် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အကြောင်းအရာများစသည့် ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများကို ပြသဆောင်ရွက်ထားပြီး ပြည်သူများကလည်း စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြောင်း သိရသည်။
ခင်နှင်းသက်