ဒိုက်ဦး မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးဆောင်ပြီး ကိုဗစ်စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ Mask တပ်ဆင်ရေးအသိပေးခြင်းနှင့်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံထားပြီးခြောက်လပြည့်ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရှေ့နှင့် ဒရယ်မီးလမ်းဆုံတို့၌ အသိပညာပေး၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့သည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါထပ်မံဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ်သည့်အနေဖြင့် နှာခေါင်းစည်း Mask အား မဖြစ်မနေတပ်သင့်ပါကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်။
အဆိုပါစစ်ဆေးရေးဂိတ်များ၌ ပြည်သူများ Mask တပ်ဆင်မှု ရှိ/မရှိ ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး (၂)ကြိမ်ဆေးထိုးပြီး ကတ်ပြားယူဆောင်လာမှု ရှိ/ မရှိ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး(၂)ကြိမ် ဆေးထိုးပြီးကတ်ပြားစစ်ဆေးပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို အဆိုပါစစ်ဆေးရေးဂိတ်များတွင် ထိုးနှံခြင်းအား ကိုဗစ်- ၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ Mask Campaig ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)