သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

သာပေါင်း မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

‌ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်ကျော်သိန်းနှင့် အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ အပတ်စဉ် (၁၅)ရက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လုံခြုံရေးကိစ္စ အလေးထားဆောင်ရွက်ရန်၊ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖုံးသွန်လဲစစ် ဆောင်ရွက်ရာတွင် ဌာနများပူးပေါင်းဆောင်ရွက်ရန်၊ အခြေခံကျောင်းများ ဖွင့်တော့မည်ဖြစ်၍ တာဝန်ခွဲဝေပေးထားသည့် ရပ်ကျေးများအတိုင်း ပေါင်းစပ်ဆောင်ရွက်ရန်၊ စီမံကိန်းတာဝန် ပေးအပ်ထားသည့်အတိုင်း အချိန်မီပြီးစီးရေး၊ စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန်၊ ၂၀၂၂-၂၀၂၃ မိုးစပါးဧက ပြည့်မီကျော်လွန်ရေး စိုက်တိုးမြင့်အဖွဲ့မှ ကွင်းဆင်း၍ တောင်သူများအား စည်းရုံးပညာပေးဆွေးနွေးရန်၊ ဌာနလုပ်ငန်းများ ကြိုတင်ဆောင်ရွက်ရန်ကိစ္စများ ဆောင်ရွက်ကြရန်၊ ညွန်ကြားချက်များ အလေးထားလိုက်နာ ဆောင်ရွက်ရန်၊ စာရင်းဇယားများ အချိန်မီမှန်ကန်စွာ ပြုစုတင်ပြရေးတို့ကို ဆွေးနွေးမှာကြားပြီး တင်ပြမှုများအား ပူးပေါင်းဆောင်ရွက်ရန်တို့ကို လိုအပ်သည်များ အသေးစိတ် ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း(ပြန်/ဆက်)