ရေကြည် မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ သစ်ဖြူပင်ကျေးရွာအုပ်စုတွင် မေလ(၉) ရက်နေ့က ရုတ်တရက်မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၃)လုံး အမိုးလန်ပျက်စီးခဲ့သည့် အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က လူမှု့ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)ကျပ် စုစုပေါင်း လူဦးရေ (၁၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၂၉၄၀၀၀)ကျပ်၊ အထောက်အကူပြု (Mask)(၂၈)ခုနှင့် စုစုပေါင်းရန်ပုံငွေ (၁၇၉၄၀၀)ကျပ်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူဟန်(ပြန်/ဆက်)