ပန်းတောင်း မေ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံက်ပိုင်းက သူရဲတန်းအုပ်စု၊ သူရဲတန်းကျေးရွာ၊ ထုံးဘိုအုပ်စု၊ ထုံးဘိုကျေးရွာ ဓမ္မာရုံတို့၌ ပြုလုပ်ခဲ့သည်။
အသိပညာပေး ဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးထွန်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် သက်ဆိုင်သည့် စိုက်ပျိုးရေးဦးစီးဌာနမှ လ/ထဦးစီးမှူး ဦးမင်းမင်းထွန်းက စပါးကို တိုက်ရိုက်စိုက်မည် ဆိုလျှင် စောစီးစွာသီးနှံထွက်လေ့ရှိကြောင်း၊ ဆင်းသွယ်လတ်စပါး၊ ဆင်းသုခ စပါးမျိုးများသည် သက်တမ်း(၁၂၀) စပါးမျိုးများဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ၎င်းစပါးမျိုးများကို စိုက်ပျိုးရန် လိုကြောင်းနှင့်
ဆောင်းသီးနှံစိုက်ပျိုးမည်ဆိုပါက နေကြာသီးနှံကိုသီးထပ်၊ သီးညှပ်စိုက်ပျိုးရန်လိုကြောင်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောမြင့်ဦးက မျိုးမြှင့်တင်ရေး နွားသားစပ်ရေးလုပ်ငန်းများအကြောင်းနှင့် နေဗီယာမြက်မွေးမြူပြီး တိရိစ္ဆာန်ပေါင်းစုံကျွေးမွေးရကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးမှူး ဦးအောင်ကျော်ကျော်က လူမှုဘဝဖွံ့ဖြိုးရေးအတွက် ချေးငွေများ၊ ကျေးရွာရေရှိရေး၊ သင်တန်းများ ဖွင့်လှစ်ပေးနေကြောင်း၊ သမဝါယမဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်ခင်စန်းဝေက လယ်ယာသုံးစက်ပစ္စည်းများ အရစ်ကျဝယ်ယူနိုင်ရေးအကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက စားသုံးဆီ လျော့ချစေရေးများအကြောင်း၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းက မီးသတ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပညာပေးဆွေးနွေးခဲ့သည်။ တက်ရောက်လာသော ဒေသခံပြည်သူများက သိရှိလိုသည်များကို ပြန်လည်တင်ပြရာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး