ယင်းမာပင် မေ ၁၈
ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ကာကွယ်ဆေးများ ထိုးပေးခြင်းလုပ်ငန်းကို မေလ ၁၆ ရက်နေ့မှစတင်ပြီး ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
မြို့နယ်အတွင်းမှ အသက်၁၅နှစ်ပြည့်ပြီးသူများအား ကိုဗစ် shield ကာကွယ်ဆေး၊ ကလေးဆေး sinovac ထိုးပေးခြင်းနှင့် အသက်အုပ်စု ၉နှစ် ၁၀နှစ် အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိရာ မေလ ၁၇ ရက်နေ့အထိ ဆေးလာရောက် ထိုးနှံသူဦးရေ စုစုပေါင်း ၈၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်