မိုင်းရယ် မတ် ၁၈
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ပြုလုပ်ပါသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်အကြောင်းသိကောင်းစရာ Talk Show ပြုလုပ်ရာတွင် မိုင်းရယ်မြို့နယ်၊ မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသီဟစိုးမှ သဘာဝဘေးအန္တရာယ်များ ကျရောက်ပါဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များကိုလည်းကောင်း၊ မိုင်းရယ်မြို့နယ်အတွင်းသဘာဝဘေးအန္တရာယ်များကျရောက်ပါ ကြိုတင်ဆောင်ရွက်နိုင်ရန် အသိပညာပေးလုပ်ငန်းများကို ကျောင်းများ၊ ဈေးများ၊ ဌာနဆိုင်ရာရုံးများတွင် ဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ သဘာဝဘေးကျရောက်လာပါက ဆက်သွယ်ရမည့်နေရာများကိုလည်း ဆွေးနွေးခဲ့ပါသည်။
မိုင်းရယ် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မိုင်းရယ်မြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် ပြည်သူများ အသိပညာပေးခြင်းများ၊ ကလေးငယ်များအတွက် ပုံပြင်ပြောခြင်းများ တင်ဆက်လျက်ရှိပြီး လစဉ်လတိုင်း Community Center ခန်းမတွင် ပြပွဲပြိုင်ပွဲများကို ပြုလုပ်ပေးလျက်ရှိပြီး စာဖတ်ရှိန်မြင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်ဇင်ထိုက်