သိန္နီ မေ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ သိန္နီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာချိုက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် လားရှိုးခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက သဘာဝပတ်ဝန်းကျင် ဂေဟစနစ်၏ အဓိပ္ပာယ်၊ အရေးပါပုံအကြောင်းနှင့် ဝန်ဆောင်မှုများအကြောင်း၊ မော်တော်ယာဉ်များ စက်ရုံအလုပ်ရုံများမှထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့ကြောင့် ဆိုးကျိုးများဖြစ်ပေါ်မှုအကြောင်း၊ သစ်တောသစ်ပင်များ ပျက်ဆီးရခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ဆိုးကျိုးများ၊ ရှမ်းပြည်နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများ၊ ပတ်ဝန်းကျင်မပျက်စီးအောင် ထိန်းသိမ်းရန် နည်းလမ်းများနှင့် လိုက်နာသင့်သည့်အချက်များကို အကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။
ထိုသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ပတ်သက်သည့်အချက်များကို ပြည်သူများသိရှိစေရန်အတွက် Talk Show အစီအစဉ်ကို သိန္နီမြို့နယ် We love Hseni Page နှင့် သိန္နီမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တို့တွင် လွှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
စောဥမ္မာ (သိန္နီ)