ဒဂုံဆိပ်ကမ်း မေ ၁၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၇) ရပ်ကွက်၊ ဓမ္မာရုံတွင်နိုင်ငံသား စိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက် ၉ နာရီတွင် ပြည်သူများလက်၀ယ်သို့ ပေးအပ်ခဲ့ကြောင်း သိရပါသည်။
မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးအေးကျော်က နိုင်ငံသားကတ်အသုံးဝင်ပုံ၊ အသက်အရွယ်အလိုက် ကိုင်ဆောင်လဲလှယ်ရခြင်းအကြောင်းနှင့် ဥပဒေနှင့်ညီညွတ်မှုမရှိပါက အမြန်ဆုံးဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထိုနောက် မြို့နယ်ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အသက် (၁၀) နှစ်ပြည့် နိုင်ငံသားကတ် လျောက်ထားသူများ၊ အသက် (၁၈) နှစ်အထက် နိုင်ငံသားကတ် လျောက်ထားသူများ၊ နိုင်ငံသားကတ်အသစ်လဲလှယ် လျောက်ထားသူများအား နိုင်ငံသားကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ ဆောင်ရွက်ပေးခြင်းတို့ကို သတ်မှတ်စည်းကမ်းများ နှင့်အညီ ဆောင်ရွက်ပေးကြသည်။
ထိုသို့ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်အဖွဲ့၀င် (၁) ဗိုလ်မှူးနေ၀င်းအောင်၊ အဖွဲ့၀င် (၂) ဦးလှကြည်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး တို့ကလာရောက် ဆောင်ရွက်နေသော ရပ်ကွက်နေ ပြည်သူများအား အဆင်ပြေချောမွေ့စေရန် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၇) ပြားကို ပြည်သူများလက်၀ယ်အရောက် ကိုယ်တိုင် ပေးအပ်ခဲ့ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးအေးကျော်ထံမှ သတင်းရသည်။
လဲ့လဲ့