နတ်မောက်မြို့နယ် ကျောက်တံခါးဆည် ရေသောက်အတွင်းရှိ နွေနှမ်းများ အောင်မြင်ဖြစ်ထွန်း

နတ်မောက် မေ ၁၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျောက်တံခါး ဆည်ရေသောက်နှင့် နတ်မောက်ဆည်ရေသောက်တွင် ၂၀၂၁-၂၀၂၂ နွေနှမ်းရာသီ၌ စိုက်ပျိုးထားရှိသော နွေနှမ်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေနှမ်းများသည် ဆင်းရတနာ (၈) မျိုးများဖြစ်ပြီး ဘုန်းတော်ပြည့်ကျေးရွာနှင့် ဘန်းကုန်းကျေးရွာတို့တွင် မတ်လဆန်းပိုင်းမှ စတင်စိုက်ပျိုးပြီး ဇွန်လတတိယပတ်တွင် ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။

နတ်မောက်မြို့နယ်တွင် နွေနှမ်းစိုက်ဧကစုစုပေါင်း ၉၁၀ ဧက ရှိပြီး  မြို့နယ်စိုက်ပျိုးကြီးကြပ်အဖွဲ့မှ ကွင်းထဲအရောက်သွား၍ တောင်သူများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်