လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် နွေရာသီစားပွဲတင် တင်းနစ်ပြိုင်ပွဲ ကျင်းပ

လှိုင် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီစားပွဲတင် တင်းနစ်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

ကျောင်းသား / သူ လူငယ်လူရွယ်များ ကျန်းမာရေးအထောက်အကူ ပြုစေရန်အတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်လာစေရန်၊ စုပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ လူထုလှုပ်ရှားမှု အသိပညာပေးအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ ပြိုင်ပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)