ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကရသူရိ မေ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပြည်သူများအား အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့ညနေ ၃ နာရီက အမှတ် (၁) ရပ်ကွက်တွင် နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသိပေးနှိုးဆော်ရာတွင် မိဘပြည်သူများအနေဖြင့်  အိုမီခရွန် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးကို ပူးပေါင်းပါဝင်ပေးကြပါရန်၊  အပြင်ထွက်သွားလာတိုင်း နှာခေါင်းစည်း (Mask) ကိုတပ်ဆင်ပါ၊ လက်ကို မကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀) ကြာအောင် စနစ်တကျဆေးကြောပေးပါ၊  လူစု/လူဝေး ရှောင်ကြဉ်ပါ၊ နှာခေါင်းစည်း (Mask) တပ်ဆင်မထားသူများထံမှ ဈေးရောင်း/ဈေးဝယ်ခြင်း မပြုလုပ်ကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများ ကာကွယ်ဆေး သွားရောက်ထိုးနှံပေးကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်များတိုင်း လိုက်နာနေထိုင်ရေးတို့ကို နှိုးဆော်ခဲ့ကြောင်း အဆိုပါဆောင်ရွက်ခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ရပ်ကွက်များ၊ ပြည်ထောင်စုလမ်းမကြီးနှင့် လူအသွား/အလာများသည့် နေရာတို့တွင် အပတ်စဉ်နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)