ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများပြုစုနိုင်ရေးအတွက် နိုင်-၄ မှတ်တမ်းများ ရေးသွင်းနေမှုကို ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကြည့်ရှုအားပေး

ငဖဲ မေ ၁၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးတွင် ရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းများ ပြုစုနိုင်ရေးအတွက် e - ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှု အခြေအနေများကို ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့် တာဝန်ရှိသူများအဖွဲ့က ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ငဖဲမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးပွားမောင်က နိုင်-၄ မှတ်တမ်းများ စာရင်းရေးသွင်းနေမှုကို မေလ ၁ ရက်နေ့မှစတင်၍ ဌာနဆိုင်ရာဝန်ထမ်းများ (၁၆)ဦးဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် စာရင်းရေးသွင်းပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သိန်းက စာရင်းများ မှတ်တမ်းဖြည့်စွက်ခြင်းနှင့် မြေပြင်လူဦးရေစာရင်းများ ရေးသွင်းမှုတွင် အမှားအယွင်း မဖြစ်ပေါ်စေရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

ဌာနဆိုင်ရာများစုပေါင်းအဖွဲ့၏ e- ID စနစ် Excel Format ဖြင့် နိုင်-၄ မှတ်တမ်းများ စိစစ် ဖြည့်သွင်းခြင်းနှင့် Software အတွင်းထည့်သွင်းမှုတွင် Excel Formatဖြင့် ရိုက်သွင်းရမည့် အရေအတွက်မှာ လူဦးရေ(၅၄၅၅၉)ဦးဖြစ်ရာ ယနေ့အထိ (၂၂၀၀၀)ဦးထည့်သွင်းပြီး ပြီးစီးမှုရာခိုင်နှုန်းမှာ (၄၀.၃၂)ရာခိုင်နှုန်းနှင့် Software အတွင်း ထည့်သွင်းပြီးအရေအတွက်မှာ လူဦးရေ(၂၂၅၀၀)ဖြစ်၍ ပြီးစီးမှုရာခိုင်နှုန်းမှာ (၄၁.၂၃)ရာခိုင်နှုန်း ထည့်သွင်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မယု (ငဖဲ)