ဒိုက်ဦး မေ ၁၇
၂၀၂၂-၂၀၂၃ ခုလုပ်ငန်းရာသီနှစ်အတွက် (ပထမ) အကြိမ် ဂရန်အင်းများ လေလံတင်ရောင်းချခြင်းနှင့် တင်ဒါချက်များ (ပထမ) အကြိမ် အိတ်ဖွင့်တင်ဒါရောင်းချခြင်း အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်ဝင်းမှ လေလံတင်ရောင်းချရခြင်း နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဝင်းမြင့်က အမှာစကားပြောကြားပြီးနောက် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မြင့်နိုင်က လေလံပါကြော်ငြာစည်းကမ်းချက်များ အားဖတ်ကြားပြီး တင်ဒါပိုက်ချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပသည်။ ၂၀၂၂-၂၀၂၃ ခုလုပ်ငန်းရာသီနှစ် တင်ဒါပိုက်ချက် (ပထမ) အကြိမ် အိတ်ဖွင့် တင်ဒါရောင်းချရာဂရန်အင်း ၂၉ အင်းရှိသည့်အနက် ၁၂ အင်း၊ တင်ဒါချက် ၁၃ ချက်ရှိသည့်အနက် ၂ ချက် ရောင်းချရကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)