အိမ်မဲ မေ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးတင်နှင့် ဝန်ထမ်းများကအိမ်မဲမြို့နယ်အတွင်းရှိ တောင်သူလယ် သမား များအတွက် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်များကို ယမန်နေ့နံနက်တွင် ကန်ကြီးဒေါင့်ကျေးရွာသို့ စိုက်ပျိုးမြေ တစ်ဧကလျှင် (၁၅၀၀၀၀)နှုန်းဖြင့်ထုတ်ချေး လျက်ရှိကြောင်း သိရသည်။
မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကျေးရွာမှ တောင်သူလယ်သမား (၁၃၂)ဦး၏ စိုက်ပျိုးမြေဧက (၇၃၃) ဧကအတွက် တစ်ဧကလျှင် (၁၅၀,၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း (၁၀၉,၉၅၀,၀၀၀) ကျပ်ကိုယနေ့တွင် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်းနှင့် ငွေချေးရန်ကျန် ရှိနေသော ကျေးရွာအုပ်စုများကို လည်းဆက်လက် ထုတ်ချေးပေးသွားမည် ဖြစ်ကြောင်း အိမ်မဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)