မိတ္ထီလာ၌ ၂၀၂၂ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ် လျာထားထုတ်ချေးပေး

မိတ္ထီလာ မေ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ဒေသခံတောင်သူများအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း ၆၄ဝဝဝ ကျပ် လျာထားထုတ်ချေးပေးလျက်ရှိကြောင်း အဆိုပါဘဏ်၏ ဘဏ်မန်နေဂျာထံက သိရသည်။

"မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၈ အုပ်စုက ဒေသခံတောင်သူတွေကို ယခု ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေတွေကို မေလ ၁၆ ရက်နေ့က စတင်ထုတ်ချေးတာဖြစ်ပြီး ငွေကျပ်သိန်းပေါင်း ၆၄ဝဝဝကို လျာထားထုတ်ချေးပေးသွားမှာဖြစ်ပါတယ်။ ယခုနှစ် မြို့နယ်အတွင်းမှာ ဒေသခံတောင်သူတွေ စိုက်ပျိုးမယ့် စပါး ၁၅ဝဝဝ ဧက၊ ပဲတီစိမ်း ၅ဝဝ ဧက၊ ပဲစင်းငုံ ၆ဝဝဝ ဧက၊ နှမ်း ၃၅ဝဝဝ ဧက တို့အတွက် စပါး တစ်ဧကကို ၁၅ဝဝဝဝ ကျပ်နှုန်း၊ အခြားသီးနှံ တစ်ဧကကို ၁ဝဝဝဝဝ ကျပ်နှုန်းနဲ့ထုတ်ချေးပေးသွားမှာဖြစ်ပါတယ်" ဟု မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(မိတ္ထီလာ)မှ ဘဏ်မန်နေဂျာဖြစ်သူက ပြောသည်။

အဆိုပါ ၂ဝ၂၂ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မေ ၁၆ ရက်နေ့မှ စက်တင်ဘာလ ၃ဝ ရက်နေ့အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး မိတ္ထီလာမြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၆ အုပ်စုတွင်ရှိသော ဒေသခံတောင်သူ ၁ဝဝဝဝ ဦးခန့်ထံသို့ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည်ဖြစ်ကြောင် းသိရသည်။

ချမ်းသာ