သာယာဝတီမြို့၌ Grade - 8 Face to Face (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချ

သာယာဝတီ မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအလယ်တန်းအဆင့် Grade-8 (သင်ရိုးသစ်) မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ဒုတိယမြောက်နေ့အဖြစ် ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ အခြေခံပညာအလယ်တန်းဆင့် Grade-8 Face to Face(သင်ရိုးသစ်) သင်တန်းကို မြို့နယ်အတွင်းရှိ အလယ်တန်းပြဆရာ၊ ဆရာမ (၂၉၂)ဦးတက်ရောက်ပြီး ဧပြီလ ၂၈ ရက်နေ့မှ မေလ ၅ ရက်နေ့အထိ Online မှတစ်ဆင့် တက်ရောက်ခဲ့ကြသည့် နည်းပြ ဆရာ၊ ဆရာမ (၁၆)ဦးက သင်တန်းပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မေလ ၁၆ ရက်မှ ၁၈ ရက်နေ့အထိ (၃)ရက်ကြာ ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)