သရက်ချောင်း မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယနေ့နံနက် ၉ နာရီက ဒုတိယအကြိမ်မြောက် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးကြောင်းသိရသည်။
အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက သရက်ချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပထမအကြိမ် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် အသက်၉ နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးငယ်များအား ဒုတိယအကြိမ်မြောက် ကာကွယ်ဆေး ထိုးနှံပေးသည်။
မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ် ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၂၀ ရက်က အခမဲ့ စတင်ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းခလိုက် (သရက်ချောင်း)