လှည်းကူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade -8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း စတင် ဖွင့်လှစ်

လှည်းကူး မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်လှည်းကူးမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမ များအား Gread-8 သင်ရိုးသစ် သင်တန်းပါ သွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ GRADE-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ် များကို အသုံးချပုံများသိရှိစေရန်နှင့် GRADE-8 သင်ရိုးသစ် မွမ်းမံသင်တန်း၏ ‌ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးဌာန၏ စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါ Grade-8 သင်တန်းအား ၁၆-၅-၂၀၂၂  မှ ၁၈-၅-၂၀၂၂   အထိလည်းကောင်း၊ Grade-11 သင်တန်းအား ၂၁-၅-၂၀၂၂ မှ ၂၃-၅-၂၀၂၂ အထိလည်းကောင်း၊ နေ့စဉ် နံနက် (၉) နာရီမှ ညနေ (၄) နာရီ အထိသင်ကြား ပို့ချသွားမည်ဖြစ်ပြီး Grade-8 သင်တန်းတွင် ဆရာ၊ ဆရာမ (၃၁၄) ဦး၊ တက်ရောက်သင်ကြားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)