ကျောက်တံတား မေ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်အတွင်းရှိ ဆရာ၊ ဆရာမများအား Gread-8 သင်ရိုးသစ် သင်တန်းပါသွင်ပြင်လက္ခဏာများနှင့် အတွေးအခေါ်များကို နားလည်သဘောပေါက်စေရန်၊ Grade-8 ကျောင်းသားကိုင်စာအုပ်နှင့် ဆရာလမ်းညွှန်စာအုပ်များကို အသုံးချပုံများသိရှိစေရန်နှင့် Grade-8 သင်ရိုးသစ် မွမ်းမံ သင်တန်း၏ ယေဘုယျဦးတည်ချက်များနှင့် အဓိကဦးတည်ချက်ကို နားလည်သဘောပေါက်စေရန်အတွက်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်ပညာရေးဌာန၏စီစဉ်မှုဖြင့် Grade-8 သင်ရိုးသစ် မြို့နယ်အဆင့် ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျောက်တံတားမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Grade-8 သင်တန်းအား ၁၆-၅-၂၀၂၂ ရက်နေ့မှ ၁၈-၅-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ Grade - 11 သင်တန်းအား ၂၁-၅-၂၀၂၂ရက်နေ့မှ ၂၃-၅-၂၀၂၂ ရက်နေ့အထိလည်းကောင်း၊ နေ့စဉ်နံနက်(၉)နာရီမှ ညနေ(၄)နာရီ အချိန်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း၊ ယနေ့ Grade-8 သင်တန်းတွင် ဆရာ၊ ဆရာမ(၈)ဦး၊ သင်တန်းနည်းပြ(၇)ဦးနှင့် သင်တန်းကြီးကြပ်(၃)ဦး စုစုပေါင်း (၁၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေဇင်ခိုင်(ပြန်/ဆက်)