ရွှေပြည်သာမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရွှေပြည်သာ မေ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးရာတွင်ဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာ ရေးလုပ်ငန်းများဖြစ်သော၊ ရေစီးရေလာကောင်းမွန်စေရန် မြောင်းများတူးဖော်ခြင်း၊ ရေစည်၊ ရေအိုးများ၊ ရေအုတ်ကန်များအတွင်းခြင်နှင့် ပိုးလောက်လန်းများ ပေါက်ပွားမှုမရှိစေရန် အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သွေးသွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများဖြစ်သော အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းတွင် ရွှေပြည်သာမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် မြို့နယ်စည်ပင် ကျန်းမားရေးတို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း(ရွှေပြည်သာ)