ရွှေပြည်သာ မေ ၁၇
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာများသို့ကွင်းဆင်း၍ ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာ ယမန်နေ့နံနက်(၁၀)နာရီအချိန်တွင် အမှတ်(၁၂)ရပ်ကွက်နှင့် အမှတ်(၂၃)ရပ်ကွက်ရှိ အသက်(၁၈)နှစ်ပြည့်၊ အသက်(၁၀)နှစ်ပြည့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်ကျန်ရှိသူများကို ရွှေပြည်သာမြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးသက်ဆွေဦးနှင့်ဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်၊
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရွှေပြည်သာမြို့နယ်ရုံးတွင်လည်း လူမှုဘဝပြည့်စုံဖို့နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင်စို့ဆောင်ပုဒ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း (ရွှေပြည်သာ)