ထားဝယ် မေ ၁၇
တနင်္သာရီတိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ထားဝယ်မြို့၌ လုပ်ငန်းခွင်မပျက်(On Job Training) စာရင်းရေးစာရင်းကိုင် သင်တန်းအမှတ်စဉ် (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင်တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက ဦးစီးဌာနရှိသင်တန်း နည်းပြဝန်ထမ်းများအနေဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ သင်ကြားပြသပေးရန်လိုအပ်ကြောင်း၊ သင်တန်းများအနေဖြင့်လည်း သင်တန်းမှပို့ချပေးသော ဘာသာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူလေ့လာသွားရန် လိုအပ်ကြောင်း ပြောကြားသည်။
သင်တန်းတွင် တိုင်းဒေသကြီးနှင့်မြို့နယ်ရုံးများမှ ဝန်ထမ်းသင်တန်းသားများအားနေ့စဉ်နံနက်(၉:၀၀) နာရီမှ (၁၂:၀၀)နာရီအချိန်ထိ(၁)လကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးမှာဖြစ်ကြောင်း သိရသည်။
ရွှေပင်လယ်(ထားဝယ်)