ပင်လောင်း မေ ၁၆
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် (Grade-8)သင်ရိုးသစ် မြို့နယ်အဆင့် ဆင်ပွားသင်တန်းကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် ယနေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သင်တန်းတွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာ ဘာသာရပ်၊ သမိုင်းဘာသာရပ်၊ သင်္ချာဘာသာရပ်၊ အနုပညာ(ဂီတ)ဘာသာရပ်၊ ပထဝီဘာသာရပ်၊ ကာယပညာဘာသာရပ်၊ စရိတ္တနှင့်ပြည်သူ့နီတိဘာသာရပ်များကို သင်တန်းနည်းပြ ဆရာ/ဆရာမ (၂၅)ဦးက သင်ကြားပို့ချပေးမည်ဖြစ်ပြီး၊ သင်တန်းသားဆရာ/ဆရာမ (၅၀၉) ဦးတက်ရောက်ခဲ့ကြကြောင်း၊ အဆိုပါသင်တန်းကို မေလ ၁၆ ရက်နေ့မှ မေလ ၁၈ ရက်နေ့ထိ သင်တန်းကာလ ၃ ရက်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)