ဆိပ်ဖြူ မေ ၁၆
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ် ပြည်သူ့ကျန်မာရေးဌာနမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနအသီသီးမှ ဝန်ထမ်းများက ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများ ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို ရာနှုန်းပြည့်ထိုးနှံပြီးစီးကြောင်း၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနတွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ၊ တတိယအကြိမ် ထမ်းဆောင်း၍ ကာကွယ်ဆေး ထိုးခြင်းလုပ်ငန်းကို အသက်(၄၀) အထက်ဒေသခံ ပြည်သူများအားလည်းကောင်း၊ အခြေခံပညာကျောင်းပြင်ပရှိ အသက် (၁၅)နှစ်မှ (၁၈)နှစ်အောက် ကိုရင်၊ သီလရှင်များနှင့် လူငယ်များကိုလည်း ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကူးစက်မှု ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ ပြောကြားသိရှိရသည်။
စိုးလင်းနိုင်(IPRD)