ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများက ဇလွန်မြို့နယ် အတွင်း သီတင်း သုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲဆက်ကပ် လှူဒါန်းပွဲကျင်းပ

ဇလွန်   မေ   ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများက ဇလွန်မြို့နယ်အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အားဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန်တွင် မဟာအတုလဝေယံပြည်တော်ပြန် သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သြဝါဒါ စရိယဘုရားကြီးအကျိုးတော်ဆောင် ဂေါပကအဖွဲ့ကျွန်းပုလု ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပညာဗလ  ဆရာတော် ဆရာတော်ထံမှငါးပါးသီလ ခံယူဆောက် တည်ခဲ့ကြသည်။ ယင်းနောက်သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္စျယ် တော်မူသော  မေတ္တာသုတ်ပရိတ် တရားတော်များ နာယူ၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခဲ့သည်။ ယင်းနောက် သံဃာတော် အရှင်သူမြတ်တို့အား ဆွမ်းဆန်တော်(၂၅၅)အိတ် ၊ ဆီ(၇၆၆)ပိဿာ ၊ ဆား(၇၆၆) ပိဿာ၊ ပဲ(၇၆၆)ပိဿာ စသည့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဇင်ယော်ကျွန်း ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ အနုမောဒနာတရား နာကြား၍ဗုဒ္ဓသာသနံစိရတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ယင်းနောက်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်း၍ မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးအတွင်းရှိ  မဟာဗောဓိ ညောင်ပင် အားစုပေါင်းညောင်ရေသွန်းလောင်းခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)