မြန်အောင် မေ ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြည်သူများက မြန်အောင်မြို့နယ်၊ မြန်အောင်မြို့အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း သာမဏေ၊ သီလရှင် တို့အား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီ ၃၀ အချိန်က မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော်၍ ဖွင့်လှစ်ပြီးမြန်အောင်မြို့ ကြာနီကန် ကျောင်းတိုက် ဆရာတော်နှင့်သံဃာတော်အရှင်သူမြတ်တို့ထံမှ ငါးပါး သီလခံယူ ဆောက်တည်ခြင်း၊ ပရိတ်တရားတော်များနာယူခြင်းတို့ဆောင်ရွက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးနေမင်းထွန်းက သာသနာရေးဆိုင်ရာများလျှောက်ထားခဲ့သည်။
ဆက်လက်၍ မြန်အောင်မြို့အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အမည်လေးမျိုးနှင့်နဝကမ္မအလှူတော်ငွေများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်သူရိန်ထွန်း ၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးချစ်မောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက်နှင့်မြိုနယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျင်စိုးတို့က ဆရာတော်သံဃာတော်အရှင် သူမြတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပြည်သူများက မြန်အောင်မြို့နယ်၊ မြန်အောင်မြို့ အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း သာမဏေ၊ သီလရှင် တို့အား ဆွမ်းဆန်တော် (၂၅၄) အိတ် ၊ ဆီ (၈၁၂) ပိဿာ၊ ဆား(၆၇၄) ပိဿာ၊ ပဲ(၆၆၃) ပိဿာ စုစုပေါင်းတန်ဖိုး( ၁၅၀၄၉၀၀၀/- ) ကျပ်တို့ အားဆက် ကပ်လှူ ဒါန်းခဲ့ကြောင်းသိရသည်။
အလားတူ မြန်အောင်မြို့နယ်၊ ကနောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကနောင်မြို့အတွင်း သီတင်းသုံး တော်မူကြသော ရဟန်း သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန်တော် (၂၈) အိတ် ၊ ဆီ (၈၅) ပိဿာ ၊ဆား(၈၅) ပိဿာ၊ ပဲ(၈၅)ပိဿာ စုစုပေါင်းတန်ဖိုး (၁၆၈၁၅၀၀ /-)ကျပ်တို့ အားဆက်ကပ်လှူဒါန်းခဲ့ပြီး မြန်အောင်မြို့နယ်၊ အင်ပင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် အင်ပင်မြို့ အတွင်း သီတင်းသုံးတော်မူကြသော ရဟန်း သာမဏေ၊ သီလရှင်တို့အား ဆွမ်းဆန် တော် (၅၁) အိတ် ၊ ဆီ (၁၄၉) ပိဿာ ၊ဆား(၁၃၇) ပိဿာ၊ ပဲ(၁၁၁) ပိဿာ စုစုပေါင်းတန်ဖိုး(၂၈၅၁၉၀၀၀/-)ကျပ်တို့အား ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ဝင်းဗိုလ် မြန်အောင်