အင်္ဂပူ မေ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှကြီးမှူးပြီး သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ၏ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တင် လှူပွဲနှင့် ခေါင်းလောင်းတော်၊ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်၊ ပိန္နဲတိုင်ပြုပြင်မွန်းမံပြင်ဆင် တင်လှူခြင်း၊ စေတီတော်မြတ်ကြီး အားလုံးတော်ပြည့်ရွှေဆေး သက္ကန်း ကပ်လှူခြင်း၊ နဝကမ္မကပ် လှူခြင်း၊ နေ့ဆွမ်း၊ နေ့အချိုကပ်လှူခြင်းရေစက်ချအခမ်းအနားကို ယနေ့နံနက် ၆ နာရီအချိန်တွင်သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကျင်းပ ပြုလုပ်ခဲ့သည်။ အဆိုပါ ထီးတော်တင်လှူပွဲတွင် စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ပန်းခြင်းနတ ်မင်းကြီး(၄)ပါးတို့က ရွှေဆံတော်စေတီတော်မြတ်ကြီးအား လက်ျာရစ်လှည့်လည် ပူဇော်ပြီး ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းဝင်း+ ဒေါခတ္တာထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး+ဒေါ်သန္တာဌေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးရဲမှူး သန်းအောင်နှင့် ဇနီး၊ အဖွဲ့ဝင်ဗိုလ်မှူး ထွန်းလင်းဇော်နှင့်ဇနီးတို့က စိန်ဖူးတော်အားပင့်ဆောင်ပူဇော်ပြီး ငှက်မြတ်နားတော်အားဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့်ဇနီး၊ အဖွဲ့ဝင်များကပင့်ဆောင်ပူဇော်၍ ပန်းခြင်း နတ်မင်းကြီး ၄ ပါးတို့အား ဌာနဆိုင်ရာအကြီးအကဲများနှင့် အလှူရှင်များကပင့်ဆောင်ပူဇော်ကြသည်။
ထို့နောက် စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား တင်လှူပူဇော်ပြီး နောက်ဗုဒ္ဓါဘိ သေကအနေကဇာတင်လှူခြင်းကို မြို့နယ်သံဃ နာယကဆရာတော် ဦးဆောင်သော ဆရာတော် (၉) ပါးမှဗုဒ္ဓါ ဘိသေက အနေကဇာတင်ပူဇော်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမြင့်သန်းဝင်းနှင့်အလှူရှင်များမှ နဝကမ္မအလှူငွေများကို အသီးသီးဆက်ကပ်လှူဒါန်း၍ ဥက္ကဋ္ဌဆရာတော်ထံမှ လှူဒါန်းမှုအစုစု တို့အတွက် သာဓုအနုမောဒနာ တရားနာယူကြည်ညို၍ ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်များအား နေ့ဆွမ်းဆက်ကပ်၍ တက်ရောက်လာသူများအား အလှူရှင်မှနေ့လည်စာများ တည့်ခင်း ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)