မြောက်ဦးမြို့၌ သျှစ်သောင်း၊ထုက္ကံသိမ်၊အံတော်သိမ် ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတော်တွင် ပြိုင်းလောင်း(လှေလှော်) ပြိုင်ပွဲတော် ကျင်းပ

မြောက်ဦး  မေ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရခိုင်ရှေ့ဟောင်းသမိုင်းဝင် အထင်ကရ ဘုရားစေတီ၊ပုထိုးများဖြစ်သော သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ (၉၄) ကြိမ်မြောက် ဗုဒ္ဓပူဇေနိယပွဲတောတွင် ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်) ပြိုင်ပွဲကို နေ့လယ် ၁၁ နာရီအချိန်က အောင်တပ်ချောင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရခိုင်ရိုးရာပြိုင်လောင်း(လှေလှော်)ပြိုင်ပွဲတွင် ၁၂ လံ လှေလှော်အသင်းများဖြစ်သော ဆူရစ်ချောင်းရွာ၊ကင်းဆိတ်ရွာနှင့်ပန်းဖဲတန်းရွာ စသောအသင်းဝင် ၁၂ သင်းတို့မှ ဝင်ရောက်ယဉ် ပြိုင်မည်ဖြစ်ပြီး ၁၂ လံ လှေလှော်ပြိုင်ပွဲတွင် ပထမဆု ၂၅ သိန်း၊ဒုတိယဆု ၂၃ သိန်း၊ ၊ ၈ လံ လှေလှော် အသင်းများဖြစ် သော ဘောင်းဒွတ်ရွာ၊ပြောင်းပြာရွာ၊ပြွန်တိုးရွာစသော အသင်းဝင် ၄ သင်းတို့မှ ဝင်ရောက်ယဉ်ပြိုင်ကြမည်ဖြစ်သည်။ ၈ လံလှေ လှော်ပြိုင်ပွဲတွင် ပထမဆု ၂၂ သိန်း၊ ဒုတိယဆု ၂၀ သိန်း နှင့် ၆ လံ လှေလှော်အသင်းများဖြစ်သော ဒိုင်းကျီ၊လက်ကျာရွာ၊ပျားတဲ ရွာစသော အသင်းဝင် ၄ သင်းတို့ကို ၆ လံလှေလှော်ပြိုင်ပွဲတွင် ဝင်ရောက်ယဉ်ပြိုင်ကြမည်ဖြစ်၍ ပထမဆု ၂၀သိန်း၊ဒုတိယဆု ၁၈ သိန်း အနိုင်ရရှိသောအသင်းများကို ဆုများအသီးသီး ပေးအပ်ချီး မြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ (၉၄) ကြိမ်မြောက် သျှစ်သောင်း၊ ထုက္ကံသိမ်၊ အံတော်သိမ်ဘုရားများ၏ ဗုဒ္ဓပူဇေနိယပွဲတော်တွင် အောင်တပ်ချောင်း၌ ရခိုင်ပြည် နယ်အနှံ့မှ ပြည်သူများလာရောက်၍ ရေပေါ် သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွဲကြပြီး ရခိုင်အဆိုတော်များ ဖြစ်သောဒိုးအ်ရီ၊ ညီမင်းခိုင်၊ ရိုက်လက်၊ ရီလှိုင်းပြာ၊စောနှင်းနွယ်၊မိုးစန္ဒာစသောအဆိုတော်များစွာဖြင့် ရေပေါ် Showပွဲ တွင် သီဆိုဖျော်ဖြေ ခြင်းများနှင့် စည်းကားသိုက်မြိုက်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်၊၊

မြင့်စိုး(ပြန်/ဆက်)