ကြို့ပင်ကောက် မေ ၁၅
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းရုံးတွင် ၃ နှစ်မှ ၇ နှစ်အတွင်း ကလေးငယ်များအား ဆုံဆို့ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါကုသရေး ကျန်းမာရေးဝန်ထမ်းများအဖွဲ့က မေလ ၁၅ ရက်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ဆုံဆို့ရောဂါ ကာကွယ်ဆေးအား ၂ နှစ်၊ ၄နှစ်နှင့် ၆ နှစ်ကလေးငယ်များအား ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း ယခုထိုးနှံပေးသော ကာကွယ်ဆေးမှာ အပိုဆောင်း ကာကွယ်ဆေးဖြစ်ကြောင်း ငယ်ရွယ် သောကလေးငယ်ဘဝမှ ကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံထားပါက ကူးရောဂါဘေး အန္တရာယ်များ၏ဒဏ်အား ခံနိုင်ရည်ရှိပြီး ကျန်းမာပျော်ရွှင်သော မိသားစုဘဝများကိုရရှိ မည်ဖြစ်ကြောင်း တာဝန်ခံဆရာမတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ကြို့ပင်ကောက်မြို့တွင် ဆုံဆို့ရောဂါအပိုဆောင်းကာကွယ်ဆေးအား ၃ နှစ်မှ ၇ နှစ်အတွင်း ကလေး ငယ် ၇၄၀ ဦးအားထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)