သရက် မေ ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့ပေါ်ရှိသာသနာ့အနွယ်ဝင် သီလရှင်(၈၂)ပါးအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုအစုစု(၅၅)ကြိမ်မြောက်လောင်းလှူပွဲကို ယမန်နေ့နံနက်(၈)နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အဆိုပါ လောင်းလှူပွဲကို ဆင်ဖြူတော်ကျောင်းတိုက်ဆရာတော်က ဦးဆောင်၍ ရပ်ကွက်အသီးသီးမှ အလှူရှင် စေတနာရှင်များ စုပေါင်း၍ လစဉ် လပြည့်နေ့တိုင်း သာသနာ့အနွယ်ဝင် သီလရှင်များအား လောင်းလှူလျက်ရှိရာ (၅၅)ကြိမ်မြောက် လောင်းလှူပွဲတွင်သီလရှင် (၈၂)ပါးအား ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ဆေးနှင့် ဝတ္ထုငွေ အသုံးဆောင်ပစ္စည်းများ စသည်တို့ကို လောင်းလှူခဲ့ပြီး အလှူရှင်များက ဆင်ဖြူတော်ကျောင်းဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှတန်းဝေခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)