အောင်လံမြို့နယ်၌ ကဆုန်လပြည့်နေ့ဗုဒ္ဓနေ့ (၁၂၈)ကြိမ်မြောက် မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပ

အောင်လံ မေ ၁၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌတို့၏ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် (၁၃၈၄)ခုနှစ် ကဆုန်လပြည့်နေ့အခါသမယတွင် အောင်လံမြို့နယ် ဘုန်းတော်ကြီးကျောင်းတိုက် အတွင်းရှိ သံဃာတော်အရှင်သူမြတ်တို့အား မြို့နယ်လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် သိမ်ကုန်းဓမ္မာရုံအလယ်လမ်းမှစတင်၍ အောင်လံ-ပြည်ကားလမ်း လမ်းဘေးဝဲယာတစ်လျောက်တွင် အောင်လံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၄၈)ကျောင်းမှ သံဃာတော်(၁၂၂၇)ပါး၊ သီလရှင် (၂၈၂)ပါး၊ ဖိုးသူတော်(၁၁)ပါး ၊ စုစုပေါင်း(၁၅၂၀)ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက (၁၂၈)ကြိမ်မြောက် ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ဘုရားရှင်၏သားတော်များဖြစ်သော သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်းဆန်တော်နှင့် အခြားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။

မြင့်မြင့်ထွေး(ပြန်/ဆက်)