ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက သာပေါင်းမြို့နယ်အတွင်း ရဟန်း၊ သာမဏေနှင့် သီလရှင်တို့အား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

သာပေါင်း မေ ၁၅


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများက သာပေါင်းမြို့နယ်အတွင်းကျောင်းတိုက်ပေါင်း (၂၅၄)ကျောင်းတို့တွင်သီတင်သုံးတော်မူကြသော ရဟန်း(၆၆၂)ပါး၊သာမဏေ(၁၉၂)ပါး၊သီလရှင်(၄၁) စုစု ပေါင်း (၈၉၅)ပါးတို့အား ဆွမ်းဆန်တော်၊ဆီ၊ဆား၊ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို အမှတ်() ရပ်ကွက်၊ မှန်စီပရိယတ္တိစာသင်တိုက်၊ စိန်ရတနာ ဆွမ်းစားကျောင်းဆောင်၌ ယနေ့ ကဆုန် လပြည့် ဗုဒ္ဓနေ့ ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို"နမောတဿ"သုံးကြိမ် သံပြိုင ရွတ်ဆိုဖွင့်လှစ်ကြပြီး မှန်စီပရိယတ္တိစာသင်တိုက်၏ ဦးစီးပထာန နာယကဆရာတော် တိုင်းသံဃဝန်ဆောင် ဘဒ္ဒန္တသောဘနထံမှငါးပါးသီလ ခံယူဆောက်တည်ကြပြီး ကြွရောက် လာကြသော ဆရာတော်၊သံဃာတော်များ ရွတ်ဖတ်သရဇ္ဇာယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးကျော်ခိုင်စိုးမှ သာသနာရေးဆိုင်ရာများတင်ပြလျှောက် ထားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်ခိုင်စိုး၊ အဖွဲ့ဝင်() ဗိုလ်မှူးအောင်ကျော်သိန်း၊ မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးဦးမြင့်လွင်နှင့်အဖွဲ့ဝင်တို့က ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲနှင့် ဝတ္ထုငွေတို့အားဆက်ကပ်လှူဒါန်းကြပြီးလျှင် လှူဒါန်းမှု အစုစုတို့အတွက် သာဓုအနုမောဓနာ တရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်တို့နှင့်ဧည့်ပရိတ်သတ်တို့က အခမ်းအနားကို"ဗုဒ္ဒသာသနံ စိရံတိဋ္ဌတု" ()ကြိမ်ရွတ်ဆို၍ အခမ်းအနား ရုပ်သိမ်းခဲ့ကြပြီးနောက် ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့ ကဆုန်ညောင်ရေ သွန်းလောင်းခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပြည်သူများမှ သာပေါင်းမြို့နယ်အတွင်း သီတင်းသုံးတော်မူကြသောကျောင်းတိုက်ပေါင်း(၂၅၄)ကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း(၆၆၂)ပါး၊ သာမဏေ(၁၉၂)ပါး၊ သီလရှင်(၄၁)တို့အား ဆွမ်းဆန်တော် (၁၄၉)အိတ်၊ ဆီ(၂၂၄)ပိဿာ၊ ဆား(၉၀၀)ထုပ်၊ပဲ(၁၇၉)ပိဿာ တန်ဖိုးငွေကျပ် (၈၉၅၀၀၀၀)ကျပ်၊ ဝတ္ထုငွေ ကျပ်(၁၀)သိန်းစုစုပေါင်း(၉၉၅၀၀၀၀)ကျပ်အား လှူဒါန်းခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း