မြောင်းမြမြို့နယ်အတွင်းရှိ ရဟန်း၊ သာမဏေ၊သီလရှင်တို့အား ဆွမ်းဆန်​တော်၊ ဆီ၊ ဆား၊ ပဲ များ ဆက်ကပ်လှူဒါန်း

 မြောင်းမြ မေ ၁၅

 ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ကဆုန်လ​ပြည့်နေ့၊ ၂၀၂၂ ခုနှစ် မေလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မြောင်းမြခရိုင်နှင့် မြို့နယ်  စီမံအုပ်ချုပ်ရေး အဖွဲ့တို့က အလှူရှင် ပြည်သူများနှင့်အတူ မြောင်းမြမြို့နယ်အတွင်းရှိသီတင်း သုံးတော်မူကြသော၊ ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား၊ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ များကို ယနေ့နေ့လည်၂နာရီက အမှတ်(၅)ရပ်ကွက်၊ စကြာသီဟ၊ စကြာနန္ဒစေတီတော်ဝန်းအတွင်းရှိ၊ ထွန်းညွန့်ရတနာ ဓမ္မာရုံတော်ကြီးတွင်ကျင်းပပြုလုပ်ခဲ့သည့်၊ 

အဆိုပါအခမ်းအနားကို တက်ရောက်လာသူများက ‘’နမောတဿ “သုံးကြိမ်ရွတ်ဆိုဘုရား ကန်တော့၍အခမ်းအနားဖွင့်လှစ်ခဲ့သည်။ ထို့နောက်နိုင်ငံတော် ဗဟိုဝန်ဆောင်ဖြစ်တော်မူသော အလယ်တောရ ကျောင်းတိုက်၏ ဦးစီးပဓာန နာယကဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ယင်းနောက်ကြွရောက်တော်မူလာကြကုန်သော ဆရာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ကိုရွတ်ပွားသရဇ္ဇျာယ်ကြသည်။ထို့နောက် မြောင်းမြခရိုင်၊ စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစန်းဌေးကသာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့သည်။

ဆက်လက်ပြီးခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သံဃာတော် အရှင်မြတ် တို့အားဆွန်းဆန်တော်၊ ဆီ၊ဆား၊ပဲနှင့်လှူဒါန်းဖွယ်ရာ များကိုလှူဒါန်းပေးခဲ့သည်။ ထို့နောက် နိုင်ငံတော်ဗဟိုဝန်ဆောင်ဖြစ်တော်မူသော ပ​ဇ္ဇောတာရုံတိုက်သစ်ကျောင်း ၏ပဓာနနာ ယက ဆရာတော် ထံအနုမောဒနာတရားနာကြား၍ ရေဆက်သွန်းချ အမျှပေးဝေခဲ့ကာ အခမ်းအနားကို “ဗုဒ္ဓသါသနံ စိရံတိဋ္ဌတု “ သုံးကြိမ်ရွတ်ဆို၍အခမ်းအနား ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားတွင် မြောင်းမြမြို့နယ် အတွင်းရှိဝါဆိုသံဃာ၊ သာမဏေ ၊သီလရှင်(၁၁၄၈) ပါးအား ဆွမ်းဆန်တော် (၃၈၇) အိတ်၊ ဆီ (၁၁၂ ၆)ပိဿာ၊ ဆား( ၁၁၂၆)ပိဿာ၊ ပဲ ( ၁၁၂၆) ပိဿာ စုစုပေါင်း တန်ဖိုးငွေ (၂၁၇၇၅၀၀၀) ကျပ်တို့ကိုလှူဒါန်း နိုင်ခဲ့ကြောင်းသိရသည်။ ထို့နောက် ကဆုန်ညောင်ရေသွန်းပွဲ ပူဇော်မည့် ဗောဓိညောင်ပင်သို့ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌနှင့်အဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့များ၊ ဌာနဆိုင်ရာများက အသီးသီးညောင်ရေသွန်းလောင်း ခဲ့ကြကြောင်းသိရသည်။

ခင်ရူပါအေး